ကျိုက်မရော ဇန်နဝါရီ ၂
ကျိုက်မရောမြို့နယ် ရေတွင်းကုန်းကျေးရွာပိုင် နောင်လုံတံတားထိပ်၌ ယမန်နေ့ နေ့လည်၂နာရီ အချိန်က နှမ်း အိတ်များ တင်ဆောင်လာသော ဟိုက်ဂျက်ယာဉ်တစ်စီးမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျပြီး တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်မှာ မြဝတီမြို့ဘုရားသုံးဆူဘက်မှ မော်လမြိုင်ဘက်သို့ နှမ်းအိတ်များသယ်ဆောင်လာ၍ မောင်းနှင် လာစဉ် ကျိုက်မရော မော်လမြိုင်သွား ကားလမ်းမ နောင်လုံတံတား ထိပ်အရောက်တွင် အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျသွားခြင်း ဖြစ်သည်။
အဆိုပါယာဉ် တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းဖြစ်သူမှာ ဒဏ်ရာပြင်းထန်စွာရရှိသဖြင့် ရေတွင်းကုန်းပရဟိတ အရေးပေါ်လူနာတင်ယာဉ်ဖြင့် မော်လမြိုင်ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း၊ အဆိုပါလူနာအား ခွဲစိတ်ကုသပေးရန် ရောဂါပိုးစစ်ဆေးကြည့်ရာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသဖြင့် ၄င်းဖြစ်စဉ်တွင် ပါဝင်ကူညီ၍ လူနာသယ်ထုတ်ပေးသူများအား မိမိအသိစိတ်ဖြင့်နေအိမ်၌ Quarantine နေပေးကြရန် အသိပေးထားကြောင်း ရေတွင်းကုန်း လူငယ်ပရဟိတအဖွဲ့ထံမှသိရသည်။
ချိုချို (ပြန်/ဆက်)