ဗိုလ်တထောင်မြို့နယ်တွင် မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဗိုလ်တထောင် ဒီဇင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံပြင်ဆင်ထားရှိမှုအား လိုက်လံကွင်းဆင်းစစ်ဆေးခြင်းများကို ဒီဇင်ဘာ ၁၉ ရက်နေ့က တာ၀န်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်နှင့် အဖွဲ့၀င်များဖြစ်‌‌သော ဗိုလ်မှူးကျော်စည်သူ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ဥပဒေအရာရှိ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်ဝင်းနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများရာအိမ်မှူးများ၊ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ပါဝင်သောအဖွဲ့များက မဲရုံအဖြစ်အသုံးပြုမည့် အဆောက်အအုံများဖြစ်သော မြို့နယ်အတွင်းရှိ အမှတ် () ရပ်ကွက်မှ (၁၀) ရပ်ကွက်၊ ရဲရိပ်သာရပ်ကွက်နှင့် မိသားစုရပ်ကွက်တို့ရှိ မဲရုံ (၂၉) ရုံတို့အား ပြင်ဆင်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်နှင့် အဖွဲ့၀င်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြိုနယ်အုပ်ချုပ်ရေးမှူး၊ မြိုနယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ရပ်ကျေးကော်မရှင်များနှင့်အတူ လိုက်ပါကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ခင်ဝင်း (ပြန်/ဆက်)