မြောက်ဥက္ကလာပ ဒီဇင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလအထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး အသက် ၁၈ နှစ်အောက် မာရသွန်အပြေးပြိုင်ပွဲနှင့် ဆုပေးပွဲကို ယမန်နေ့ နံနက် ၆ နာရီအချိန် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ စုရပ်မှ စတင်ပြုလုပ်ခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ အထိမ်းအမှတ်အမျိုးသား၊ အမျိုးသမီးအသက် ၁၈ နှစ်အောက် မာရသွန်အပြေးပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ပြိုင်ပွဲ၀င် ကျောင်းသား၊ ကျောင်းသူများက နေရာယူကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူက ဝီဆီမူတ်တာလွှတ်ပေးပြီး ပြိုင်ပွဲ၀င် ကျောင်းသား၊ ကျောင်းသူများက ခေမာသီလမ်းမကြီးမှ သုဓ္ဓမာလမ်းမကြီး၊ ထို့မှတဆင့် ကန်သာယာလမ်းဆုံမှတဆင့် ခေမာသီလမ်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ပြန်လည်ပန်း၀င်ခဲ့ကြသည်။
ထို့နောက်၂၀၂၅ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလအထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး အသက် ၁၈ နှစ်အောက် မာရသွန်အပြေးပြိုင်ပွဲဆုပေးပွဲကို ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူက အမှာစကားပြောကြားပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလအထိမ်းအမှတ် ၅ ကီလိုမီတာ အမျိုးသား၊ အမျိုးသမီး အသက် ၁၈ နှစ်အောက် မာရသွန်အပြေးပြိုင်ပွဲဆုပေးပွဲပြုလုပ်ရာ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသော ပြိုင်ပွဲ၀င် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများက ဆုများအသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြသည်။ အဆိုပါ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလ အထိမ်းအမှတ် ၅ ကီလိုမီတာ အမျိုးသား၊ အမျိုးသမီး အသက် ၁၈ နှစ်အောက် မာရသွန်အပြေးပြိုင်ပွဲဆုပေးပွဲတွင် ပထမဆု ၃ သိန်း၊ ဒုတိယဆု ၂ သိန်း၊ တတိယဆု ၁ သိန်းနှင့် နှစ်သိမ့်ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြပြီး စုစုပေါင်းပြိုင်ပွဲ၀င် ၃၀၀ ခန့် ပါ၀င်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)