စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် (၇၈)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကန့်ဘလူမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ အောင်သစ္စာ ကွန်ကရစ်လမ်း၊ အမှတ်(၄)ရပ်ကွက် မဟာဗန္ဓုလကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားများတက်ရောက်

မုံရွာ ဒီဇင်ဘာ ၂၂

(၇၈)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ တောက္ကရှပ်-မင်းကုန်း ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်ဇနီး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အများပြည်သူလူထု၏ အကျိုးလုပ်ငန်းများဖြစ်သည့် လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေး၊ မြို့သန့်ရှင်းသာယာလှပရေး၊ သန့်ရှင်းသောသောက်သုံးရေရရှိရေး စသည့်လုပ်ငန်းများအပြင် အခြားသောဖွံ့ဖြိုးရေး အထောက်အကူပြုလုပ်ငန်းများအား ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ ကျေးရွာနေပြည်သူများကလည်း မိမိကျေးရွာဖွံ့ဖြိုး ရေးလုပ်ငန်းများအား တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ကန့်ဘလူခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက တောက္ကရှပ်-မင်းကုန်း ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းခင်းကျင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေများအား ရှင်းလင်းပြောကြားပြီး ကျေးရွာနေ ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ချို၊ ကန့်ဘလူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်၊ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး နှင့်ကျေးရွာနေပြည်သူတစ်ဦးတို့က တောက္ကရှပ်-မင်းကုန်း ကျေးရွာချင်းဆက်လမ်း ကွန် ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီခဲ့သည့် ဘင်ခရာအဖွဲ့နှင့် ဒိုးပတ်အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ပြီး တာဝန်ရှိသူများနှင့်အတူ အဆိုပါဖွင့်ပွဲမခ်ဦးရှေ့တွင် အမှတ်တရ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးကာ “တောက္ကရှပ်-မင်းကုန်း”ကွန်ကရစ်လမ်းအား ဖြတ်သန်းကြည့်ရှုခဲ့ကြပြီး ကျေးရွာနေပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ ကန့်ဘလူမြို့နယ်၊ တောက္ကရှပ်-မင်းကုန်းလမ်း ကွန်ကရစ်လမ်းသည် အရှည် - ၁၆၈၂ ပေ၊ အကျယ် - ၁၂ ပေ၊ ထု ၉ လက်မဖြစ်ပြီး ခရိုင်၊ ကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ “အောင်သစ္စာ” ကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ချို၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်၊ ကန့်ဘလူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလိူင်နှင့် မြို့မိမြို့ဖတစ်ဦးတို့က “အောင်သစ္စာ” ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီခဲ့သည့် ဒိုးပတ်အဖွဲ့နှင့်အကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ချီးမြှင့်ပြီး တာဝန်ရှိသူများနှင့်အတူ အဆိုပါဖွင့်ပွဲမုခ်ဦးရှေ့တွင် အမှတ်တရ စုပေါင်း မှတ်တမ်းဓါတ်ပုံရိုက်ကူးကာ “အောင်သစ္စာ” ကွန်ကရစ်လမ်းအား ဖြတ်သန်းကြည့် ရှုခဲ့ကြပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား နံနက်စာများဖြင့် ဧည့်ခံကျွေးခဲ့သည်။

အဆိုပါ ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ “အောင်သစ္စာ” ကွန်ကရစ်လမ်းသည် အရှည် - ၅၂၀ ပေ၊ အကျယ် - ၁၂ ပေ၊ ထု ၉ လက်မဖြစ်ပြီး မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့သည်။ ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့ အမှတ်(၄)ရပ်ကွက်ရှိ “မဟာဗန္ဓုလ” ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအား တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တာဝန်ရှိသူများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း နိုင်ငံတော်နှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စေတနာအား သိရှိနားလည်ပြီး ကန့်ဘလူမြို့ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာ လှပရေးလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ကန့်ဘလူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက “မဟာဗန္ဓုလ” ကွန်ကရစ်လမ်းခင်းကျင်းခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ချို၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်၊ ကန့်ဘလူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလိူင်နှင့် မြို့မိမြို့ဖတစ်ဦးတို့က “မဟာဗန္ဓုလ” ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနား တွင်ပါဝင်ကူညီခဲ့သည့် ဘင်ခရာအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ပြီး တာဝန် ရှိသူများနှင့်အတူ အဆိုပါဖွင့်ပွဲမခ်ဦးရှေ့တွင် အမှတ်တရ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူး ကာ “မဟာဗန္ဓုလ” ကွန်ကရစ်လမ်းအား ဖြတ်သန်းကြည့်ရှုခဲ့ကြပြီး ရပ်ကွက်နေပြည်သူ များအားရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား  နံနက်စာများဖြင့် ဧည့်ခံကျွေးခဲ့ကြသည်။

အဆိုပါ ကန့်ဘလူမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ “မဟာဗန္ဓုလ” ကွန်ကရစ်လမ်းသည် အရှည် - ၄၄၀ ပေ၊ အကျယ် - ၁၂ ပေ၊ ထု ၉ လက်မဖြစ်ပြီး မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ဂါမဏိစည်သူလမ်း အရှည်- ၇၀၀ ပေ၊ အကျယ် - ၁၂ ပေ၊ ထု ၉ လက် မ၊ ကွန်ကရစ်လမ်းခင်းကျင်းပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ မာဃလမ်းသွယ်(၅) အရှည်- ၅၅၀ ပေ၊ အကျယ် - ၁၂ ပေ၊ ထု ၉ လက်မ၊ ကွန်ကရစ်လမ်းခင်းကျင်းပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။   

တိုင်းဒေသကြီး(ပြန်/ဆက်)