ကျေးလက်ကျန်းမာ​ရေးဌာနခွဲတွင် အသုံးပြုရန်အတွက်​​ ဒေါ်ခင်ကြည်​ဖောင်​ဒေးရှင်းမှ ဆေးရုံသုံး ပရိ​ဘောဂ ပစ္စည်းများ​​ ပေးပို့လှူဒါန်း

ကျိုက်မ​ရော   ဇန်န ဝါရီ    ၂

မွန်ပြည်နယ်၊ ကျိုက်မ​ရောမြို့နယ်၊ နတ်စမ်း​ကျေးရွာ ဘိန်း​ဗျော​ကျေးလက် ကျန်းမာ​ရေးဌာနခွဲတွင် အသုံးပြုရန် အတွက် ​ဒေါ်ခင်ကြည်​ဖောင်​ဒေးရှင်းမှ ​ဆေးရုံသုံး ပစ္စည်းများ​ပေးအပ် လှူဒါန်းပွဲကို ယမန်​နေ့ နံနက်ပိုင်းက နတ်စမ်း​ကျေးရွာထိပ်ရှိ ဘိန်း​ဗျော ​ကျေးလက်ကျန်းမာ​ရေးဌာနခွဲခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ​ ဆေးရုံသုံးပစ္စည်းများ လှူဒါန်းရာတွင် ​ဆေးရုံသုံး ပရိ​ဘောဂပစ္စည်းများ ဖြစ်သည့်  Delivery Bed-​မွေးကုတင်-၁လုံး၊ Hospital Bed MC-947-ရိုးရိုးလူနာကုတင် ၂လုံး၊​လေးထပ်သံဗီရို (၆​ပေ×၃​ပေ)- ၂လုံး၊​​ခေါက် စားပွဲ ​လေး​ထောင့်-၁လုံးနှင့်လက်တင်ပါ ပလတ်စ တစ်ထိုင်ခုံ-၁၅လုံးစုစု​ပေါင်းပစ္စည်းများတန်ဖိုး (၁,၅၇၇,၅၀၀/) ကျပ်တို့ကို ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ် ဦးကျော်ဝင်း​မောင်၊ ပြည်နယ်လွှတ်​တော်ကိုယ် စားလှယ် ​ဒေါ်ခင်မျိုး မြင့် တို့က ​ပေးအပ်လှူဒါန်းရာ မြို့နယ် ကျန်းမာ​ရေးဦးစီးဌာနမှူး  ​ဒေါက်တာ ​ကျော်ဝင်း​ဇော် က  လက်ခံရယူခဲ့ ပြီး အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည် ​ပေးအပ်ခဲ့​ကြောင်း သတင်းရရှိသည်။

ချိုချို ( ပြန်/ ဆက်)