မုံရွာမြို့နယ်၌ ရွေးကောက်ပွဲနေ့မတိုင်မီ ခရီးဝေးတွင်တာဝန်များထမ်းဆောင်ကြမည့်ဝန်ထမ်းများ ပဥ္စမနေ့ကြိုတင်ဆန္ဒမဲပေး

မုံရွာ ဒီဇင်ဘာ ၂၂

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပသည့်နေ့နှင့် ယင်းနေ့မတိုင်မီ နိုင်ငံတော်တာဝန်များဖြင့် ခရီးဝေးသွားလာကြသည့်ဝန်ထမ်းများ ပဥ္စမနေ့ကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့နံနက်ပိုင်းက မုံရွာမြို့‌နယ်နန္န္ဒဝန်ရပ်ကွက်ရှိ မြို့နယ်စုပေါင်းရုံးအစည်းအ‌ဝေးခန်းမတွင် ဆောင်ရွက်ကြကြောင်း သိရသည်။

အဆိုပါကြိုတင်ဆန္ဒမဲပေးကြရာတွင် ပြည်သူနှင့်နိုင်ငံဝန်ထမ်းများက သတ်မှတ်နေရာများ၌ မဲပေးလျက်ရှိရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် မြို့နယ်ကော်မရှင်အဖွဲ့ဝင်များ လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
မုံရွာမြို့နယ်အတွင်း ဒီဇင်ဘာ ၂၈ ရက်ရွေးကောက်ပွဲကျင်းပသည့်နေ့နှင့် ယင်းနေ့မတိုင်မီ နိုင်ငံတော်တာဝန်များဖြင့် ခရီးဝေးသွားလာကြသည့်ဝန်ထမ်းများနှင့် ပြည်သူများ ကြိုတင်ဆန္ဒမဲကို ဒီဇင်ဘာ ၁၈ ရက်မှ ၂၇ ရက်နေ့အထိ ဆက်လက်မဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)