အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ မြန်မာ့လက်ရွေးစင်လူငယ်များ ခြင်းလုံးအလှခတ် သရုပ်ပြသ

ဖြူး ဒီဇင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြိုနယ်တွင် မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းများ ပိုမိုပြန့်ပွားစေရေးနှင့် ဒေသခံပြည်သူများ ကြည့်ရှုအားပေးနိုင်စေရေးအတွက် ဖြူးမြိုနယ် ခြင်းလုံးအားကစားဝါသနာရှင်များအဖွဲ့မှ ကြီးမှူး၍ ယမန်နေ့၊ ညနေပိုင်းက အ-ထ-က(၁) ကျောင်းဝန်းအတွင်း၌ အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ မြန်မာ့လက်ရွေးစင်လူငယ်များမှ ခြင်းလုံးအလှခတ် သရုပ်ပြသမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA GAME)တွင် ရွှေတံဆိပ်ဆုရ ခြင်းလုံးအားကစားသမားများဖြစ်သည့် ကိုဝေယံဖြိုးနှင့် မမိုးမြင့်ကြယ်တိုမှ ခြင်းလုံးအလှခတ် သရုပ်ပြသပေးခဲ့ရာ ဖြူးမြိုနယ် ဌာနဆိုင်ရာများ၊ ခြင်းလုံးအားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးပေးကြကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)