ပြည်မြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေး

ပြည် ဒီဇင်ဘာ ၂၂

ပြည်တွင်းအခွန်များဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော အခွန်ဆိုင်ရာသိမှတ်ဖွယ်ရာအကြောင်းများကို ပြည်မြို့နယ်အတွင်း အခွန်ထမ်းပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်ရည်ရွယ်၍ ဒီဇဂ်ဘာ ၁၈ ရက်က ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ အခွန်ဆိုင်ရာ ပညာပေးရှင်းလင်းဆွေးနွေးပွဲပြုလုပ်သည်။

အဆိုပါပညာပေးရှင်းလင်းဆွေးနွေးပွဲတွင် ပြည်မြို့နယ်အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောဥမ္မာက "ပြည်တွင်းအခွန်များဦးစီးဌာနမှ ကောက်ခံဆောင်ရွက်နေသော အခွန်များအကြောင်းနှင့် ပြေစာများအ‌ပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများအပါအဝင် အခွန်ထမ်းပြည်သူများ သိသင့်သိထိုက်သည့် အခွန်ဆိုင်ရာ သိမှတ်ဖွယ်ရာအကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော အခွန်ထမ်းပြည်သူများက သိလိုသည်များ မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဖြေကြားရှင်းလင်း‌ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုဆက် (ပြန်/ဆက်)