သန်လျင်မြို့နယ်ကျေးရွာများသို့ ပန်းခင်းအဆင့် (၃) ဖြင့် နိုင်ငံသားစီစစ်ရေးကဒ်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန် ဒီဇင်ဘာ ၂

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သန်လျင်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ ဒီဇင်ဘာ ၂၀ ရက်နေ့ နံနက်ပိုင်းက သန်လျင်မြို့နယ် ကုလားဝဲကျေးရွာအုပ်စု၊ ဆေးလုံးကြီးကျေးရွာနှင့် ဘုရားကုန်းကျေးရွာအုပ်စုများသို့ ပန်းခင်းအဆင့် (၃) စီမံချက်ဖြင့် အဖွဲ့များခွဲ၍ ကွင်းဆင်းကာ နိုင်ငံသားစီစစ်ရေးကတ် အသက် (၁၀-၁၈) နှစ်ကြားနှင့် (၁၈) နှစ်အထက်ရှိသူများအား ဆောင်ရွက်ပေးခဲ့သည်။ အလားတူ (M) အိမ်ထောင်စုစာရင်းများကိုလည်း တပါတည်းဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါပန်းခင်းအဆင့် (၃) နိုင်ငံသားစီစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများ ဆောင်ရွက်ပေးရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးမိုးသူ၊ သန်လျင်မြို့နယ်ဦးစီးမှူး ဦးဇွဲမင်းဦးတို့က ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး သက်ဆိုင်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး၊ ဆယ်အိမ်စုမှူးများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (ပြန်/ဆက်)