ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ရွေးကောက်ပွဲလှုံ့ဆော်ရေး “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဒဂုံ ဒီဇင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်၌ ယနေ့နံက်ပိုင်းက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ပြည်သူများ မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲလှုံ့ဆော်ရေး “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

ရွေးကောက်ပွဲလှုံ့ဆော်ရေးလက်ကမ်းစာစောင်ဖြန့်ဝေရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောက်တံတားခရိုင်နှင့် အလုံခရိုင်တို့မှ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့် ကလေးအဖွဲ့ဝင်များက “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို ခရီးသွားပြည်သူများ၊ YBS မော်တော်ယာဉ်များ၌ စီးနင်းလိုက်ပါကြသည့် ပြည်သူများ၏ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ပြည်သူ့ရင်ပြင်၌ ယနေ့ပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသူပြည်သူများ မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲလှုံ့ဆော်ရေး “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းမှာ ဒုတိယအကြိမ်မြောက် ဆောင်ရွက်ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ပထမအကြိမ်ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် မြို့နယ် ၁၂ မြို့နယ်တွင် လက်ကမ်းစာစောင်ရေတစ်သိန်းကို ယနေ့မှစ၍ လူစည်ကားရာနေရာများနှင့် ရပ်ကွက်/ကျေးရွာအားလုံးတွင် ထပ်မံ၍ ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်သူဟိန်း (ပြန်/ဆက်)