ဖောင်းပြင် ဇန်နဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်တွင် ခွေးရူးရောဂါများ မဖြစ်ပေါ် စေရေး ကာကွယ်ဆေးထိုးနှံနိုင်ရန်အတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီစောက ကာကွယ်ဆေးအလုံးရေ တစ်ရာ လှူဒါန်းပေးခဲ့ရာ ခွေး အကောင်ရေ တစ်ရာအား ယနေ့ နံနက်ပိုင်းက အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးခဲ့ရာ သာသနိကဘုန်းတော်ကြီးကျောင်းများ၊ မြို့မစည်ပင်သာယာဈေးတို့တွင် ဦးစားပေး ထိုးနှံပေးခဲ့သည်။ ထို့အပြင် ကုန်ကျစရိတ်အတွက် အခက်အခဲဖြစ်သည့် အိမ်မွေး ခွေးများကိုလည်း အခမဲ့ ထိုးနှံပေးခဲ့ပြီး အလှူရှင်များရှိပါက ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးထံမှသိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့ နယ်အုပ် ချုပ်ရေးမှူး ဦးညီညီစောလိုက်ပါပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာကျော် မင်းစိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ မြို့နယ်စည်ပင်သာ ယာရေးကော်မတီ၊ မြို့နယ်ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့အစည်းများ ပူးပေါင်း ပါဝင်၍ ထိုးနှံပေးခဲ့ကြကြောင်းသိရသည်။
ကိုထွန်း(ဖောင်းပြင်)