ရွှေတောင် ဒီဇင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း မဲရုံများတွင် လုံခြုံရေးတာဝန်ချထားသူများ အားကြိုတင်ဆန္ဒမဲပေးခြင်းကို ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မဲရုံဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။
အဆိုပါလုံခြုံရေးတာဝန်ချထားမည့်သူများ ကြိုတင်ဆန္ဒမဲပေးရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ရပ်/ကျေး ကော်မရှင်အဖွဲ့ဝင်များက ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့ရာ လုံခြုံရေးတာဝန်ချထားမည့်သူ ကျား (၁၆၆) ဦး၊ မ (၂၅) ဦး စုစုပေါင်း (၁၉၁) ဦးကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)