ကျိုက်မရော ဒီဇင်ဘာ ၂၂
ကျိုက်မရောမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမည့်ရက်တွင် မဲရုံများ၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူး၊ အရန်မဲရုံမှူးနှင့် ထိန်းချုပ်စက်ကိုင်တွယ်မည့်သူများအား အီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းပေးခြင်းကို ယနေ့နံနက်ပိုင်းက မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ပြုလုပ်သည်။
အဆိုပါသင်တန်းတွင် အီလက်ထရောနစ်မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံနှင့် ပါဝင်သည့် ဆက်စပ်ပစ္စည်းများ၊ အီလက်ထရောနစ်မဲပေးစက်များ စစ်ဆေးခြင်း၊ ရွေးကောက်ပွဲမတိုင်မီ မဲရုံတွင် စက်များအသုံးပြုရန် ကြိုတင်ပြင်ဆင်ခြင်းနှင့် စမ်းသပ်မဲပေးခြင်း၊ အီလက်ထရောနစ်မဲပေးစက်များကို ကိုင်တွယ်ခြင်း၊ အရန်စက်လဲလှယ်ခြင်း၊ မဲရေတွက်ခြင်း၊ အရေးပေါ်ကိစ္စရပ်များ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ မဲပေးစက်အသုံးပြုခြင်းလုပ်ငန်းစဥ်များ၊ ထိန်းချုပ်စက်အသုံးပြုခြင်း လုပ်ငန်းစဥ်များကို သင်တန်းသား၊ သင်တန်းသူများအား ပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ကျိုက်မရော (ပြန်/ဆက်)