ရန်ကုန် ဇန်နဝါရီ ၃
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် သီရိမဂ်လာစျေး၌ ယမန်နေ့ နံနက်(၈)နာရီအချိန် က STOP COVID အဝါ ရောင် Mask Campaign လှုပ်ရှားမှုအားအရှိန်အ ဟုန်မြှင့်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အဝါရောင် Mask Campaign ကို လူစည်ကားရာနေရာများ၊ ကားမှတ်တိုင်ရှိ လမ်းသွား လမ်းလာ ပြည်သူများ၊ မော်တော်ယာဉ်များပေါ်ရှိ ခရီးသွားပြည်သူများ၊ သီရိမင်္ဂလာစျေး အတွင်းရှိ စျေးရောင်းသူ၊ စျေးဝယ်သူများနှင့် ရပ်ကွက်အတွင်းရှိ ပြည်သူများသို့ Mask များ အခမဲ့ပေးဝေ ခြင်းနှင့် “Mask တပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာနေပါ” စသည့် အသိပညာပေးခြင်း လုပ်ငန်းများ ဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ထိုကဲ့သို့ အဝါရောင် Mask Campaign ဆောင်ရွက်မှုတွင် လှိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူးဒေါက်တာဝေဆင့်ကျော်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်ထွန်းနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ရဲတပ်ဖွဲ့များ၊ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ စသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် စည်ပင် သာယာမှ ဝန်ထမ်းများ၊ သီရိမင်္ဂလာစျေး တာဝန်ခံနှင့် တာဝန်ရှိသူများက ပူးပေါင်းပြီး ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ကြည်ဇေသော် (ပြန်/ဆက်)