သုံးခွ ဒီဇင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၅ - ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံပြုလုပ်မည့်နေရာများအား မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးတင်မျိုးလွင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက အမှတ် ၁ ၊၂ ၊၃ ၊ ၄ ၊ ၁၁ ၊ ၁၂ ရပ်ကွက်ရှိ မဲရုံပြုလုပ်မည့် နေရာများအား လျှပ်စစ်ဝါယာကြိုးဆိုလာနှင့် လျှပ်စစ်ပစ္စည်းများ၊ မီးသတ်ဆေးဗူးနှင့် မီးငြှိမ်းသတ်ရေးပစ္စည်းများ ကောင်းမွန်ခြင်း ရှိ/မရှိတို့ကို ကွင်းဆင်း၍ စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား ဆောင်ရွက်ထားနိုင်ရေးမှာကြားခဲ့ကြောင်း သိရသည်။ ထို့အပြင် ကျန်ရှိနေသေးသော ရပ်ကွက်နှင့် ကျေးရွာများရှိ မဲရုံပြုလုပ်မည့် နေရာများသို့ ဆက်လက်ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် ရပ်/ ကျေးကော်မရှင်အဖွဲ့ခွဲများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)