မုံရွာမြို့တွင်  ၂၀၂၅ ခုနှစ်၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်နှင့် စတစ်ကာဖြန့်ဝေခြင်းများဆောင်ရွက်

မုံရွာ ဒီဇင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ မုံရွာမြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်‌ဝေခြင်း၊ မော်တော်ယာဉ်များအား စတစ်ကာများကပ်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်က မုံရွာမြို့ကန်သာယာအနီး  ဗိုလ်ချုပ်လမ်းမကြီးတွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်‌ဝေခြင်း၊ မော်တော်ယာဉ်များ အား စတစ်ကာများကပ်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်‌ဝေခြင်း၊ မော်တော်ယာဉ်များအား စတစ်ကာများကပ်ခြင်းတို့ကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ လမ်းညွန်မှုနှင့်အတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဖိတ်ကြားထားသူများသည် ဗိုလ်ချုပ် လမ်းပေါ်တွင်သွားလာနေကြသော မော်တော်ယာဉ်များအား စတစ်ကာများကပ်ခြင်း၊ ခရီးသွားပြည်သူများအား လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှုများဖြစ်‌ “ဒို့အတူတူ မဲပေးကြမယ်” ဘေဘုတ်ထောင်ခြင်း၊ လက်ကမ်းဝေခြင်းနှင့် စတစ်ကာကပ်ခြင်းများကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ
  ခရိုင်အလိုက်၊ မြို့နယ်အလိုက် အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)