ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ‌ဦးအောင်မြင့်လွင် သာယာဝတီမြို့၌ ရွေးကောက်ပွဲအောင်မြင်ရေးအတွက် တွေ့ဆုံဆွေးနွေး

သာယာဝတီ ဒီဇင်ဘာ ၂၂

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ‌ဦးအောင်မြင့်လွင်သည် ယနေ့နံနက်ပိုင်းက သာယာဝတီမြို့ ဆရာစီခန်းမ၌ သာယာဝတီခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ ကော်မရှင်အဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရွေးကောက်ပွဲအောင်မြင်ရေးအတွက် တွေ့ဆုံရှင်းလင်းဆွေး‌နွေးခဲ့သည်။ 

 ဦးစွာပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်က မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများအားလုံး ဥပဒေနှင့်အညီ မဲပေးခွင့်ရရှိရေး၊ မဲပေးစက်ဆိုင်ရာသိမှတ်ဖွယ်ရာများနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးနည်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေးလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ ရွေးကောက်ပွဲအောင်မြင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေး‌နွေးပြောကြားပြီး လိုအပ်သည်များ မှာကြားသည်။ 

ယင်းနောက် သာယာဝတီခရိုင် ရွေးကောက်ပွဲကော်မရှင်အရာရှိ ဒေါ်အေးအေးမော်က ခရိုင်အတွင်း ရွေးကောက်ပွဲဆိုင်ရာ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို တင်ပြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)