လှိုင်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားအငြိမ်းစားများအား စားသုံးဆီများ ဈေးနှုန်းချိုသာစွာ ရောင်းချပေး

လှိုင် ဒီဇင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ စားအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းပင်စင်စားအငြိမ်းစားများအား ဒီဇင်ဘာလ ၂ရက်မှစတင်၍ မြို့နယ်ကမာရွတ်ဘဏ်ခွဲတွင် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက် ဖြုန့်ဖြူးရောင်းချရေးကော်မတီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကုန်စျေးနှုန်းထိန်းညှိလျော့ချရေးနှင့် အခြေခံစားသောက်ကုန်လုံလောက်မှုရှိစေရေး ပိုမိုတိုးမြင့်ထုတ်လုပ်နိုင်ရေး ကြီးကြပ်မှုကော်မတီနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာတို့ ပူးပေါင်းပြီး ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းပင်စင်စားအငြိမ်းစားများအား စားသုံးဆီဈေးနှုန်း သက်သာစွာဝယ်ယူစားသုံးနိုင်ရန် လက်လီရောင်းချပေးရာ စားသုံးဆီ (၂) ပိဿာ (၅) ကျပ်သားလျှင် (၁၉၀၀) ကျပ်နှုန်းဖြင့် နိုင်ငံ့ဝန်ထမ်းပင်စင်စားအငြိမ်းစားများအား စနစ်တကျတန်းစီစနစ်ဖြင့် လက်လီဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

ဇော်ဇော်နိုင် (ပြန်/ဆက်)