သံဖြူဇရပ်မြို့နယ်၌ မဲစာရင်းများ မှန်ကန်မှုရှိစေရေးတိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်

သံဖြူဇရပ် ဒီဇင်ဘာ ၂၂

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်ခန်းမ၌ မဲစာရင်းများ မှန်ကန်စေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များမှ ပူးပေါင်း၍ မဲစာရင်းများ မှန်ကန်မှုရှိစေရေး၊ မဲဆန္ဒရှင်စာရင်းများ ကျန်ရှိမှုမရှိစေရေးတို့အတွက် တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)