သထုံမြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး မြို့နယ်ကော်မရှင်အဖွဲ့ခွဲနှင့် မဲရုံမှူး၊ ဒုမဲရုံမှူးများ တွေ့ဆုံပွဲပြုလုပ်

သထုံ ဒီဇင်ဘာ ၂

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲနှင့် မဲရုံမှူး၊ ဒုမဲရုံမှူးများ တွေ့ဆုံပွဲကို ယမန်နေ့ နံနက်ပိုင်းက လိပ်အင်းရပ်ကွက်ရှိ မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

‌အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးချမ်းငြိမ်းခန့်က ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ၊ ကြိုတင်မဲဆိုင်ရာလုပ်ငန်းများ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံမှူး၊ ဒုမဲရုံမှူးများဆောင်ရွက်ရမည့် လုပ်ငန်းများ၊ MEVM မဲပေးစက်နှင့် ပတ်သက်သည့် လုပ်ငန်းများစသည့် ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် မဲရုံမှူး၊ ဒုမဲရုံမှူးများက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ သထုံမြို့နယ်အတွင်းရှိ မဲရုံပေါင်း (၈၀) မှ မဲရုံမှူး၊ ဒုမဲရုံမှူးများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)