ထန်းတပင်မြို့နယ်၌ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ထန်းတပင် ဒီဇင်ဘာ ၂

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ အုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ဒီဇင်ဘာ ၂၀ ရက်နေ့က ရေတွင်းကုန်းကျေးရွာအုပ်စုရှိ ကျေးရွာနေပြည်သူများကို တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင်လည်း မြို့နယ်ဦးစီးမှူး ဦးခင်ဆွေနှင့် ဝန်ထမ်းများက ရေတွင်းကုန်းကျေးရွာအုပ်စုအတွင်းရှိ အသက် (၁၈) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်ကြိမ်တစ်ခါမျှ ကိုင်ဆောင်ခဲ့ဘူးခြင်းမရှိ
သည့် ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်