ကိုကိုးကျွန်းမြို့နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲပြုလုပ်

ကိုကိုးကျွန်း ဒီဇင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ကိုကိုးကျွန်းမြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော စက်ချုပ်နည်းပညာသင်တန်ဆင်းပွဲကို ယနေ့မွန်းလွဲ ၃ နာရီက ကိုကိုးကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဆင်းပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီစောက သင်တန်ဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းတွင်ဆုရရှိသူများအား တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များပေးအပ်ခဲ့သည်။

ဆက်လက်၍ သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးက ကျေဇူးတင်စကား ပြောကြားခဲ့သည်။ အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီစောနှင့် ကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနအကြီးအကဲများ၊ နည်းပြဆရာမများ၊ သင်တန်းသူများ စုစုပေါင်း ၅၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)