မော်လမြိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ကြရေး လူထု လှုပ်ရှားမှု Mask Campaign ဆောင်ရွက်

မော်လမြိုင်     ဇန်နဝါရီ        ၃

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း လျော့ကျစေရန်နှင့် ဖြစ်ပွားမှု မရှိစေရန်အတွက် ယနေ့နံနက် ၈ နာရီက ကျောက်တန်းရပ်ကွက်  စည်ပင်သာယာဈေးနှင့် လမ်းသွား လမ်းလာ ပြည်သူများ နှာခေါင်းစည်း Mask မဖြစ်မနေ တပ်ဆင်သွားလာကြရန်  Mask  Campaign ကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်း၏  ဦးဆောင် လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာ ကော်မတီ အဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။

ဆောင်ရွက်ပေးရာတွင်  ပြည်သူများအနေဖြင့်  ကိုဗစ်-၁၉ရောဂါကြောင့် တစ်ဦးမှတစ်ဦးသို့ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် နေအိမ်ပြင်ပသို့ထွက်ခွာသူတိုင်း နှာခေါင်းစည်း(Mask) စနစ်တကျ မဖြစ်မနေ တပ်ဆင်သွားလာကြရေး၊ မေးတွင်တပ်ဆင်ချိတ်ထားခြင်းမပြုကြရန်၊ ဈေးရောင်း၊ ဈေးဝယ်ရာတွင်လည်း (၆) ပေအကွာမှသာ ရောင်းဝယ်မှုပြုကြရန်နှင့် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ နှိုးဆော် ကြေညာချက်များ တိကျစွာလိုက်နာကြရန် အသိပညာ ပေးခြင်း အရှိန်အဟုန်မြင့် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)