တောင်တွင်းကြီးမြို့နယ်တွင် ကလေးများ ဆော့ကစားရာမှ နေအိမ်တစ်လုံး မီးလောင်ကျွမ်း

တောင်တွင်းကြီး ဇန်နဝါရီ ၃

တောင်တွင်းကြီးမြို့နယ် ကင်ပွန်းတောင်အုပ်စု၊ သပြေပင်ကျေးရွာတွင် ယမန်နေ့ မွန်းလွဲ(၃)နာရီ ခန့်က ကလေးများ မီးဆော့ကစားရာမှ  သွပ်မိုး၊ ပျဉ်ခင်း၊ ထရံကာ လေးပင်အိမ်တစ်လုံး မီးလောင် ကျွမ်းခဲ့ကြောင်း သိရသည်။

ဖြသ်စဉ်မှာ သပြေပင်ကျေးရွာ မနွယ်နွယ်(ဘ)ဦးလှရွှေ၏ နေအိမ်နှင့် ကပ်လျက် နွားစာအဖီအနီး၌ ကလေးများ မီးဆော့ကစားရာမှ မီးကူးစက် လောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ မီးလောင်ကျွမ်းမှု ကြောင့်  သွပ်မိုး၊ ပျဉ်ခင်း၊ ထရံကာ လေးပင်အိမ်တစ်လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ လူနှင့်တိရစ္ဆာန် ထိခိုက်၊ သေဆုံး မှု မရှိကြောင်း သိရသည်။

မီးလောင်ရာသို့ ညောင်ပင်သာနယ်မြေ မီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦးပိုင်စိုးလတ် ဦးဆောင် သော သန္ဓေတပ်ဖွဲဝင်(၃)ဦး၊ အရံတပ်ဖွဲ့ဝင်(၅)ဦး၊ မီးသတ်ရေသယ်ယာဉ်တစ်စီး၊ တောင်တွင်းကြီးမြို့နယ် မီးသတ်စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစောမောင် ဦးဆောင်၍ သန္ဓေတပ်ဖွဲဝင်(၅)ဦး၊ ဒေါင်ဖန်း မီးငြှိမ်းသတ်ယာဉ်တို့ဖြင့် ငြိမ်းသတ်ခဲ့ရာ  ၃ နာရီ ၂၅ အချိန်ခန့် တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး တောင်တွင်းကြီး မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနက သိရသည်။

မြို့နယ်(ပြန်/ဆက်)