ညောင်လေးပင် ဒီဇင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ညောင်လေးပင်မြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁၃) နာရီအချိန်က သီရိရတနာခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါထောက်ပံ့ငွေပေးအပ်ရာတွင် ညောင်လေးပင်မြို့နယ်အတွင်းရှိ ညောင်လေးပင်၊ ပြွန်တန်ဆာနှင့် မဒေါက်ဒေသများအတွင်းသို့ နေရပ်စွန့်ခွာရောက်ရှိလာသည့် ပြည်သူများကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာကာယကံရှင်များ၏ လက်ဝယ်အရောက် ထောက်ပံ့ငွေများအား အသီးသီးပေးအပ်ခဲ့ကြသည်။
ထိုသို့ထောက်ပံ့ငွေပေးအပ်ရာ၌ နေရပ်စွန့်ခွာပြည်သူတစ်ဦးလျှင် ကျပ် (၂၀၀၀၀)နှုန်းဖြင့် လူပေါင်း (၁၉၄)ဦးအတွက် စက်တင်ဘာ၊ နိုဝင်ဘာ၊ အောက်တိုဘာသုံးလစာကျပ် (၆၀၀၀၀) နှုန်းခန့်ကို ညောင်လေးပင်မြို့နယ်ရှိ မြို့မ(၃)ရပ်ကွက်အတွင်း သက်ဆိုင်ရာကာယကံရှင်များ၏ လက်ဝယ်အရောက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)