စေတုတ္တရာ ဒီဇင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တတိယအကြိမ် မဲဆန္ဒရှင် စာရင်းကပ်ထားကြေညာရန် မဲစာရင်းပြည့်စုံမှန်ကန်မှုရှိစေရေး တိုက်ဆိုင်စစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ် (၃) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ထိုသို့ တိုက်ဆိုင်စစ်ဆေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ရပ်ကွက်နှင့် ကျေးရွာကော်မရှင် အဖွဲ့ဝင်များနှင့် ရပ်/ကျေးစာရေးများက မဲဆန္ဒရှင်စာရင်းများတွင် ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်နိုင်ရေး၊ မဲဆန္ဒရှင်စာရင်း ကျန်ရှိမှု မရှိစေရေးတို့ကို တိုက်ဆိုင်စစ်ဆေးခဲ့ကြောင်း သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)