ပခုက္ကူမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေဆိုင်ရာအသိပညာပေးဟောပြော

ပခုက္ကူ ဒီဇင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၄)ရပ်ကွက်၊ မြင်သာဘုမ္မရပ်ရှိ၊ ပါကဋတ္တကာရီဘုမ္မကျောင်းတိုက် (ဓမ္မာရုံ) ၌ ဒီဇင်ဘာလ ၂၂ရက် မွန်းလွဲ ၃နာရီအချိန်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ အဆိုပါကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များ၊ ရပ်‌ကွက်နေပြည်သူများ တက်ရောက်ကြသည်။

ဟောပြောပွဲတွင် ပခုက္ကူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းဝင်းက မိတ်ဆက်စကားပြောကြားပြီး ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနေမှုကို ပျက်ပြားစေရန်ရည်ရွယ်၍ လူမှုကွန်ယက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာနေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများချိတ်ဆွဲခြင်း စသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများ၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များအား ထိခိုက်ပျက်ဆီးအောင်ပြုလုပ်သူများအား ဥပဒေနှင့်အညီအရေးယူဆောင်ရွက်နေမှုများ၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး မဲဆန္ဒရှင်ပြည်သူများအားလုံးက မဲပေးခြင်းဖြင့် ပါဝင်ပေးရေး၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

ကယ်ရီမောင်