ကွမ်းခြံကုန်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး

ကွမ်းခြံကုန်း ဒီဇင်ဘာ၂‌၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံ‌တေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးမှုကို ယမန်နေ့က မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ ကွင်းဆင်ဆောင်ရွက်မှုအား မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးအရာရှိ ဦးအောင်မျိုးထွန်း ဦးဆောင်မှုတို့ဖြင့် သန္ဓေတပ်ဖွဲဝင်များက မီးသတ်ဆေးဘူးများအား ဝန်ထမ်းတိုင်းစနစ်တကျ အသုံးပြုတတ်စေရေး၊ မီးသတ်ဆေးဘူးများ ထားရှိမှု၊ လျှပ်စစ်မီးကြိုးများ သွယ်တန်းထားရှိမှုစစ်ဆေးခဲ့သည်။

အဆိုပါကွင်းဆင်းစစ်ဆေးမှုများအား ရပ်ကွက်/ကျေးရွာ၊ ဌာနဆိုင်ရာများနှင့် မဲရုံများ ဆက်လက်ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်မျိုးထွန်းထံမှ သိရှိရသည်။

ဆွေနွယ် (ပြန်/ဆက်)