စေတုတ္တရာ ဒီဇင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောင်းသား၊ ကျောင်းသူများပူးပေါင်းကာ စာရေးဆရာအောင်သင်း ရေးသားသည့် “ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဒီဇင်ဘာလ ၂၁ ရက်နေ့ နေ့လယ်(၃)နာရီအချိန်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စေတုတ္တရာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုဦးစီးမှူး ဒေါ်အေးမြသန္တာက “ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ” စာအုပ်တွင် ပါရှိသည့် “အလိုရှိရုံမျှနှင့်မဖြစ်နိုင်ပေ။ အောင်မြင်ဖို့ကား ထက်ထက်သန်သန်ဆန္ဒရှိရပေမည်။ ထိုဆန္ဒသည် “အိပ်ချိန်များကို တိုတောင်းသွားစေရမည်” စသည်တို့ကို ဖတ်ပြဆွေးနွေးခဲ့သည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် စာပေဝါသနာရှင်များက အမေးအဖြေများ ကဏ္ဍတွင်ပါရှိသည့် အကြောင်းအရာများကို ဖတ်ပြ၍ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
ဆန်းကိုကို(ပြန်/ဆက်)