ခေါဇာ ဇန်နဝါရီ ၃
လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများကို ပြည်သူများ လေ့လာသိရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၃) နှစ် မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်) မှ စီစဉ်ထုတ်ဝေသော လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက လူစည်ကားရာမြို့ကျက် သရေ ဆောင်ဈေးတွင် လိုက်လံ ဖြန့်ဝေခဲ့သည်။
အသိပညာပေး လက်ကမ်းစာစောင်တွင် (၇၃)နှစ် မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ၊ လွတ်လပ်ရေး သစ္စာအဓိဋ္ဌာန် (၉) ချက်၊ လွတ်လပ်ရေး အသိလွတ်လပ်ရေး သတိ၊ ညီညွတ်ရေးကို ဦးတည်ကြပါ၊ လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပါယ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ အမျိုးသားညီညွတ်ရေးကို အခြေခံ၊ ကာကွယ်စောင့်ရှောက်၊ ဆောင်ပုဒ်၊ ကဗျာ၊ ကာတွန်း၊နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နှုတ်ချက်၊ (၇၂)နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံ တော်သမ္မတ ဦးဝင်းမြင့်ထံ မှ ပေးပို့သော သဝဏ်လွှာမှ ကောက်နုတ်ချက် အစရှိသော အကြောင်းအရာများ ပါဝင်သည့် သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ညီညီချမ်း(ပြန်/ဆက်)