အောင်လံမြို့နယ်တွင် မဲရုံများဖွင့်လှစ်ရန် လျာထားသည့်နေရာများအား တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုစစ်ဆေး

အောင်လံ ဒီဇင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈  ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများဖွင့်လှစ်ရန် လျာထားသည့်နေရာများအား ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ တာဝန်ရှိသူများမှ လိုက်လံစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှရွှေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာများမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ မြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာအုပ်စု များရှိ မဲရုံများဖွင့်လှစ်ရန် လျာထားသည့် နေရာများတွင် မဲရုံဖွင့်လှစ်နိုင်ရန်နှင့် လွှတ်တော်အသီးသီးအတွက် MEVM မဲပေးစက်များ ထားရှိနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ မဲရုံများနှင့် မဲရုံပတ်ဝန်းကျင်တွင် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရန် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)