ဘားအံမြို့လူငယ်စင်တာတွင် အခြေခံစာကြည့်တိုက်သင်တန်း ဖွင့်လှစ်သင်ကြား

ဘားအံ   ဒီဇင်ဘာ  ၂၃

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ရပ်ကွက်၊ ကျေးရွာနှင့် ကျောင်းစာကြည့်တိုက်များ ရှင်သန်ခိုင်မာဖွံ့ဖြိုးတိုးတက်စေရန်၊ စာကြည့်တိုက်တိုက်မှူးများအနေဖြင့် စာကြည့်တိုက်ပညာရပ်များကို လေ့လာသင်ယူပြီး ပြန်လည်အသုံးချတတ်သည့် စာကြည့်တိုက်မှူး ကောင်းတစ်ယောက် ဖြစ်လာစေရန်ရည်ရွယ်၍ အခြေခံစာကြည့်တိုက်ပညာ သင်တန်း ဒုတိယနေ့အဖြစ် ဆက်လက်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

သင်တန်းတွင် ပြည်သူ့စာကြည့်တိုက်များ၏ စာစု၊ စာပြု၊ စာငှားလုပ်ငန်းစဉ်များ၊ ပြည်သူ့စာကြည့်တိုက်များစီမံခန့်ခွဲမှုသိကောင်းစရာများ၊ စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေး၊ စာကြည့်တိုက်အသုံးပြုသူများအား ကောင်းမွန်သော ဝန်ဆောင်မှုပေးခြင်းနှင့် ကလေးငယ်များ စာကြည့်တိုက်များတွင် ပျော်ရွှင်လာစေရန်အတွက်ဆောင်ရွက်ပေးခြင်း၊ ရပ်ကွက်/ကျေးရွာ၊ ကျောင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးဘာသာရပ်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့မှ တာဝန်ရှိသူ များက စာတွေ့၊ လက်တွေ့ဖြင့် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းတွင်အခြေခံပညာကျောင်းစာကြည့်တိုက်များမှ စာကြည့်တိုက်မှူးများ၊ ရပ်ကွက်၊ကျေးရွာစာကြည့်တိုက်များမှ စာကြည့်တိုက်မှူးများ စုစုပေါင်း (၅၀)ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)