မကွေး ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီးတွင် ဇန်နဝါရီ ၂ ရက်နေ့က တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာ(၆၂)ဦး ထပ်တိုး တွေ့ရှိခဲ့ပြီး တိုင်းဒေသကြီးအတွင်းမှာ အတည်ပြုလူနာပေါင်း(၂၅၉၀)ဦးအထိ ရှိလာကြောင်း သိရ သည်။
နှစ်သစ်အခါသမယ ဇန်နဝါရီ ၁ ရက်နေ့က ပိုးတွေ့လူနာအနည်းငယ်လျှော့နည်းခဲ့ပြီး ဒီကနေ့ တွေ့ရှိမှုက စံချိန်တင်ပြန်ပါပြီ၊ တိုင်းဒေသကြီးအတွင်းမှာ ပိုးတွေ့လူနာ သိသိသာသာလျော့နည်း ခဲ့တာ နှစ်ရက်ပါ၊ ဇန်နဝါရီလ ၂ ရက် ဒီကနေ့မှာ တွေရှိခဲ့တဲ့ လူနာတွေက NHL နဲ့ RDT စစ်ဆေးမှု အရ စုစုပေါင်း ပိုးတွေ့အတည်ပြုလူနာ(၆၂)ဦး ထပ်တိုးတွေ့ရှိခဲ့တာပါ၊ ဒီနေ့တွေ့ရှိတဲ့ ပိုးတွေ့ အတည်ပြု လူနာတွေက စလင်းက(၁၄)ဦး၊ မကွေးက(၁၃)ဦး၊ အောင်လံက(၁၀)ဦး၊ မြိုင်က(၅)ဦး၊ မြို့သစ်က(၄)ဦး၊ နတ်မောက်၊ ပခုက္ကူနဲ့ ဂန့်ဂေါက(၃)ဦးစီ၊ သရက်နဲ့ ဆိပ်ဖြူက(၂)ဦးစီ၊ ချောက်၊ မင်းလှနဲ့ ပွင့်ဖြူက (၁)ဦးစီ တို့ဖြစ်ပါတယ်။ အဲဒီပိုးတွေ့လူနာတွေထဲက အောင်လံ(၉)ဦး၊ စလင်းက (၅)ဦး၊ နတ်မောက်(၃)ဦး၊ မြို့သစ်(၃)ဦး၊ မကွေးက(၉)ဦးနဲ့ ပခုက္ကူက(၁)ဦးတို့က ပိုးတွေ့အတည်ပြု လူနာနဲ့ ထိတွေ့မှုရှိတာကြောင့် အသွားအလာကန့်သတ်ထားသူတွေဖြစ်ပါတယ်၊ နောက်ထပ် မကွေးက(၂)ဦး၊ စလင်း(၅)ဦး၊ ပွင့်ဖြူ(၁)ဦး နဲ့ အောင်လံ(၁)ဦးတို့က အနံ့ပျောက်လက္ခဏာပြ လူနာတွေပါ၊ မြိုင်(၃)ဦးနဲ့ မကွေး(၁)ဦးက ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေဖြစ်ပြီး၊ ကျန်သူတွေ က ရန်ကုန်ပြန်၊ မန္တလေးပြန်နဲ့ ရခိုင်ပြန် (Quarantine Centre) တွေက ဖြစ်ပါတယ်၊ ဒီကနေ့ ညပိုင်းအချိန်အထိ တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာပေါင်းက (၂၅၉၀)ဦး ရှိပြီဖြစ်တယ်လို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းက အတည်ပြု ပြောကြားသည်။
မကွေးတိုင်းဒေသကြီးအတွင်း ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိသူ (P contact) များမှ ပိုးတွေ့ လူနာများ ထပ်တိုး၍ တွေ့ရှိလာရသဖြင့် ပြည်သူများအနေဖြင့် အထူးသတိပြုဆင်ခြင် ပြုမှုနေထိုင်ကြဖို့ တိုက်တွန်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)