ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍မြို့နယ် မြန်မာ့စီးပွားရေးဘဏ်သို့ ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများအား အခမဲ့စစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြန်မာ့စီးပွားရေး ဘဏ်ရုံးအတွင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန်တိုင်းပေးခြင်း၊ သွေးချို ဆီးချိုရောဂါ စစ်ဆေးကုသပေးခဲ့ပြီး သက်ဆိုင်ရာရောဂါများအလိုက် သောက်ဆေးများကို အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသမှုများ ဆောင်ရွက်နေမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းနှင့် အဖွဲ့ဝင်များက အခမဲ့ဆေးကုသဆောင်ရွက်နေမှုအား လှည်လည်ကြည့်ရှု၍ ဆေးဝါးကုသခံယူမှု နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)