ဖာပွန် ဇန်နဝါရီ ၃
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၃) နှစ်မြောက် လွတ်လပ် ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များအခမဲ့ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
(၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နှင်းယုအေးနှင့် ဝန်ထမ်းများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မေဝါကိုကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်ရှိ လူစည်ကားရာနေရာများ၊ စျေးများ၊ ကုန်စုံဆိုင်နှင့် စားသောက်ဆိုင်များသို့သွားရောက်၍ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရ သည်။
အဆိုပါသတင်းစကား လက်ကမ်းစာစောင်တွင် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့ ရန်ကုန်မြို့တော် ခန်းမ၌ ကျင်းပသော ပြည်သူ့အစည်းအဝေးကြီးတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် လွတ်လပ် ရေးဆိုတဲ့အဓိပ္ပါယ် မိန့်ခွန်းကောက်နုတ်ချက်၊ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃ ရက်နေ့ ပြင်ဦးလွင် ခရီးစဉ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ပြောကြား သည့် အမှာစကား ကောက်နုတ်ချက်များ၊ လွတ်လပ်ရေးကြေညာ စာတန်းကောက် နုတ်ချက်၊ လွတ်လပ်ရေးသစ္စာ အဓိဋ္ဌာန်(၉)ချက်၊ (၇၃)နှစ် မြောက်လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ ကဗျာဆရာ မြင်းမူမောင်နိုင်မိုး၏ “လွတ်လပ် ရေးအသိ၊ လွတ်လပ်ရေးသတိ” စသည့် အထိမ်းအမှတ် ကဗျာများ ပါဝင်သည့် လက်ကမ်းစာစောင်များကို အခမဲ့ဖြန်ဝေပေးခဲ့ကြောင်း သိရှိရသည်။
စိုင်းကျော်ဝဏ္ဏ၊ စောအောင်မျိုးလွင် (ပြန်/ဆက်)