ပေါင် ဇန်နဝါရီ ၃
ပေါင်မြို့နယ်၊ ကျခတ်ငူကျေးရွာ၊ အမှတ် ၁ ရပ်ကွက်တွင် ယမန်နေ့ ည ၈ နာရီ ခွဲ အချိန်ခန့်က နေအိမ် ၁ လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျခတ်ငူကျေးရွာ၊ အမှတ် ၁ ရပ်ကွက်နေ ဦးငွေညွန့်၏ နေအိမ်တွင် မီးလောင်မှု ဖြစ်ပွားနေကြောင်း တာဝန်သိပြည်သူ၏ သတင်းပေးချက်အရ ဖြစ်ပွားရာနေရာသို့ မုတ္တမမီးသတ်စခန်း၊ ပေါင်မြို့နယ်မီးသတ်စခန်းနှင့် လူမှုကူညီရေးအသင်းများမှ မီးငြမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ် များဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများပူးပေါင်၍ မီးငြိမ်းသတ်ခဲ့ရာ ည ၈ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် လူနှင့်တိရိစ္ဆာန်ထိခိုက်မှုမရှိဘဲ (၁၀)ပေ နှစ်ခန်းတွဲ နေအိမ်တစ်လုံး မီးလောင်ဆုံး ရှုံးခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုနှင့် ပတ်သတ်၍ မီးလောင်ရသည့် အကြောင်းရင်းကို မသိရသေးကြောင်း ကနဦးသတင်း တင်ပြအပ်ပါသည်။
ဝင်းမင်းသန်း (ပြန်/ဆက်)