ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင် ပိုင်ကျုံမြို့ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ အုပ်ချုပ်ရေးမှူးများ နှင့် တွေ့ဆုံ

ပိုင်ကျုံ  ဇန်နဝါရီ  ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်သည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုးမိုးထွေးတို့နှင့် အတူ ပိုင်ကျုံမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ယနေ့နံနက်ပိုင်းက တွေ့ဆုံ ခဲ့ကြောင်းသိရသည်။

ထိုသို့တွေ့ဆုံရာမှာ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင်က ပိုင်ကျုံမြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများရှိ ဒေသဖွံ့ဖြိုး တိုးတက် ရေးအတွက် ဆောင်ရွက်မည့် လမ်း၊ တံတားအစရှိသောလုပ်ငန်း များအသီးသီးကို တင်ပြရန်နှင့် လုပ်ငန်းများ၏ ကဏ္ဍအလိုက် အကြောင်းအရာနှင့်အချက်အလက်များကို ရှင်းလင်းပြောကြား သည်။ ထို့နောက် သက်ဆိုင်ရာ ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အုပ်ချုပ်ရေးမှူးများက မိမိတို့ဒေသအတွင်းရှိ ဆောင်ရွက်မည့် လုပ်ငန်းများ အကြောင်းကို တင်ပြဆွေးနွေးခဲ့ကြရာ ပြည်နယ်လွှတ် တော်ဥက္ကဋ္ဌနှင့် တာ၀န်ရှိ သူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)