လှိုင်းဘွဲမြို့နယ် ချမ်းသာကျေးရွာတွင် ကရင်ရိုးရာ ဒုံးအကကို UNESCO သို့ တင်သွင်းနိုင်ရေး ကွင်းဆင်း ဆောင်ရွက်

လှိုင်းဘွဲ ဇန်နဝါရီလ ၃

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ဒိုင်းပြကျေးရွာအုပ်စု ချမ်းသာကျေးရွာတွင် ကရင်တစ်မျိုးသားလုံး၏ ရိုးရာယဉ်ကျေးမှု တစ်ခုဖြစ်သော ဒြပ်မဲ့ကရင်ရိုးရာဒိုးအကကို UNESCO သို့ တင်သွင်းနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းကို ကရင်ရိုးရာ ဒုံးအကတစ်မျိုးဖြစ်သော ကရင်ရိုးရာကျွဲဒုံး အကကို ကပြဖျော်ဖြေပေးကာ တေးသီချင်း၊ကကြိုး/ကကွက်/ကဟန်နှင့်အညီ စာရင်းပြုစုကာ UNESCO သို့ တင်သွင်းနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ပြီး ကရင်မျိုးနွယ်စုအသင်း၊ ကရင်စာပေနှင့် ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်း အတွင်းရေးမှူး ဒေါ်နန်းမြင့်တင်နှင့် အဖွဲ့ဝင်များ၊ ကရင်ရိုး ရာဒုံးအက ကကြိုးကကွက်ဆပ် ကော်မတီ အဖွဲ့ခေါင်းဆောင် ဦးစောမြင့်သူ၊ ကရင်စာပေသုတေသန အဖွဲ့ ဦးစောဝဏ္ဏ ထွန်း၊     လှိုင်းဘွဲမြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှု ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအုန်း တင်၊ ကရင်ရိုးရာ ဒုံးအက သင်ကြာရေး ဆရာ/မများ တက်ရောက်ခဲ့ကြောင်း သိရှိရ သည်။

ခင်စန်းမြင့် (ပြန်/ဆက်)