ဗဟန်း ဒီဇင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် (ဗဟန်း) လူထုအခြေပြုဗဟိုဌာန၌ ဗဟန်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်းအခြေခံသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရပါသည်။
အဆိုပါသင်တန်းတွင် ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းသားများနှင့် တပ်ဖွဲ့ဝင်ပေါင်း ၄၂ ဦး တက်ရောက်ခဲ့ပြီး ကမာရွတ်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်၊ ဗဟန်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်ကိုဦး၊ ဗဟန်းမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးတင်သိန်းတို့က ရှေးဦးပြုစုခြင်း ဘာသာရပ်များကို စာတွေ့၊ လက်တွေ့ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလကို ၂၂-၁၂-၂၀၂၅ ရက်မှ ၂၄-၁၂-၂၀၂၅ ထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် သုတရသစာအုပ်စာစောင်များကို သင်တန်းသူ၊ သင်တန်းသားများက ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)