နတ်မောက်မြို့၌ (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ ဖြန့်ဝေ

နတ်မောက်   ဇန်နဝါရီ  ၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီး ဌာန     (ရုံးချုပ်) မှပေးပို့သော (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီအချိန်ခန့်က မြို့မဈေးရှိ  ဈေးရောင်းဈေးဝယ်များ၊  ကားဂိတ် များ၊ လမ်းဆုံ လမ်းခွများ နှင့်ဒေသခံပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်  သတင်းစကားလက်ကမ်းစာစောင် တွင်လွတ်လပ်ရေး ကျောက်တိုင်၊ လွတ်လပ်ရေးသစ္စာအဓိဌာန်(၉)ချက်၊ လွတ်လပ်ရေးအသိ (ကဗျာ) (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များ၊ လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်၊ အမျိုးသားညီညွတ်ရေးကိုအခြေခံ၊ ကာကွယ်စောင့်ရှောက် (လွတ်လပ်ရေးကြေညာစာတမ်း)၊ ညီညွတ်ရေး ကိုဦးတည်ကြပါ၊ ပြည်ထောင်စုအမွေအမြဲ တည်တံ့စေဖို့ လွတ်လပ်ရေးကို ထိန်းသိမ်း ကာကွယ်စို့၊ သွေးစည်းချစ်ကြည်လက်ချင်းဆက် လွတ်လပ်ရေးသည် ဒို့အသက်စသည့် နိုင်ငံတော် အကြီးအကဲများ၏ မိန့်ခွန်းကောက်နုတ်ချက်များနှင့် သရုပ်ပြကာတွန်းများပါဝင်၍ (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင် (၄၅၀) အား ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။

လှဝင်း(နတ်မောက်)