ထီးလင်းမြို့နယ်တွင် မိုးနှောင်းချည်မျှင်ရှည်ဝါ (ငွေချည်-၉) စိုက်ပျိုးမှု အောင်မြင် ဖြစ်ထွန်း

ထီးလင်း ဇန်နဝါရီ ၃

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် မိုးနှောင်း ချည်မျှင်ရှည်ဝါ (ငွေချည်-၉) ကို စိုက်ပျိုးလျက်ရှိရာ ဖြစ်ထွန်း အောင်မြင်လျက်ရှိကြောင်း သိရသည်။

မိုးနှောင်း ချည်မျှင်ရှည်ဝါ(ငွေချည်-၉)သည် ဝါ,အထွက်နှုန်း ကောင်းမွန်ခြင်း၊ အခြား ဝါ, မျိုးများထက် ပိုမို အသက်ရှင်ခြင်း၊ သီးလုံးဖောက် ပိုးမွှားများဒဏ် ခံနိုင်ရည်ရှိခြင်း၊ ချည်, အရည်အသွေး ကောင်းမွန်ခြင်း၊ ဂွမ်း,အထွက်နှုန်း ကောင်းမွန်ခြင်း၊ စုပ်ပိုးနှင့်သီးလုံးဖောက် ပိုးမွှားများဒဏ် ပိုမို၍ ခံနိုင်ရည်ရှိသဖြင့် အခြား ဝါ, မျိုးများထက် ဆေးဖျန်း ကုန်ကျစရိတ် သက်သာခြင်း၊ အရောင်အစွန်းများ ကင်းစင်ပြီး ဝါ, အရည်အသွေး ကောင်းမွန်သဖြင့် ဈေးနှုန်း ပိုမို ရရှိခြင်း၊ တစ်ဧက အပင်ဦးရေ ပိုမိုဝင်ဆန့်ပြီး ဝါထွက် သာလွန်ခြင်း၊ ဝါ,ကောက်ရ လွယ်ကူခြင်း စသည်တို့ကြောင့် တောင်သူများ အနေဖြင့် စိုက်ပျိုးမှု တွက်ချေကိုက်လျက်ရှိသည်။

ထီးလင်းမြို့နယ်တွင် စုစုပေါင်း ဝါ, စိုက်ဧက (၁၀) ဧကကျော် စိုက်ပျိုးလျက်ရှိကြောင်း သိရ သည်။

အောင်စည်(ပြန်/ဆက်)