လမိုင်းမြို့၌ (၇၃) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်း အမှတ်သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

လမိုင်း  ဇန်နဝါရီ   ၃

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ လမိုင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ  လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများကို ပြည်သူများ လေ့လာသိရှိနိုင် စေရန် ရည်ရွယ်၍  ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်း စကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက လူစည်ကားသည့် နေရာများတွင် လိုက်လံဖြန့်ဝေခဲ့သည်။

အသိပညာပေး လက်ကမ်းစာစောင်တွင် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ၊ လွတ်လပ်ရေးသစ္စာ အဓိဋ္ဌာန် (၉) ချက်၊ လွတ်လပ်ရေးအသိ လွတ်လပ်ရေး သတိ၊ ညီညွတ်ရေးကို ဦးတည်ကြပါ၊ လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပါယ်၊ (၇၃) နှစ်မြောက် လွတ်လပ် ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ အမျိုးသား ညီညွတ်ရေးကို အခြေခံ၊  ကာကွယ်စောင့်ရှောက်၊ ဆောင်ပုဒ်၊ ကဗျာ၊ ကာတွန်း၊နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ (၇၂)နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံ တော်သမ္မတ ဦးဝင်းမြင့်ထံ မှ ပေးပို့သော သဝဏ်လွှာမှ ကောက်နုတ်ချက် အစရှိသော အကြောင်းအရာများ ပါဝင်သည့် သတင်းစကား လက်ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

လမိုင်း(ပြန်/ဆက်)