နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထန်ပါခွေမြို့၌ အားကစားကွင်း ဖော်ထုတ်မည့် မြေနေရာအား ကွင်းဆင်း ကြည့်ရှု စစ်ဆေး

ထန်ပါခွေ ဇန်နဝါရီ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ယမန်နေ့ နံနက်ပိုင်းက အားကစား ကွင်း ဖော်ထုတ်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြ ကြောင်းသိရသည်။

အဆိုပါအားကစားကွင်းအား ထန်ပါခွေရပ်ကွက် (ကွက်သစ်)၌ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည်ဖြစ်ကာ စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ လဟယ်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန တာဝန်ခံ ဦးသက်၊ ထန်ပါခွေမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးရန်ဟီးဝေပုံနှင့် ထန်ပါခွေရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးပါကျို တို့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

ဟန်ထွန်း(အင်းဝ)