သန်လျင်မြို့နယ် ပြည်သူ့ဆေးရုံကြီး၌ လူမှုရေးအသင်းအဖွဲ့များ ပရဟိတအဖွဲ့များ စေတနာရှင် အလှူရှင်များစုပေါင်း၍ အာဟာရဒါနလှူဒါန်း

သန်လျင် ဇန်နဝါရီ ၄

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် သန်လျင်မြို့နာရေး ကူညီမှုအသင်းမှ ဦးဆောင်၍ ရပ်ကွက် နှင့် ကျေးရွာနာရေး ကူညီမှုအသင်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ စေတနာရှင် အလှူရှင်များ စုပေါင်း ကာ ယမန်နေ့ နံနက်ပိုင်းက အဟာရဒါန ထမင်းနှင့်ဟင်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် သန်လျင်မြို့ နာရေးကူညီမှုအသင်းနှင့် ရပ်ကွက်/ ကျေးရွာ နာရေးကူညီမှုအသင်းများ၊ လူမှုရေးအသင်းအဖွဲ့ များ၊ ပရဟိတအဖွဲ့များ၊ စေနာရှင် အလှူရှင်များက ဆေးရုံကြီးအတွင်း၌ ဆေးဝါးကုသမှု ခံယူနေသော လူနာများနှင့် လူနာစောင့် များအား အဟာရဒါန နေ့လယ်စာထမင်း၊ ကြက်ကြော်နှင့် သီးစုံပဲဟင်းများအား လူ ၆၀၀ ဦးစာအတွက် လှူဒါန်းရာ သန်လျင်မြို့ အထွေထွေ ရောဂါကုဆေးရုံကြီးမှ တာဝန်ရှိသူများက လိုအပ်သည်များအား ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သန်လျင်မြို့နယ် အထွေထွေရောဂါကုဆေးရုံကြီး၌ သန်လျင်နာရေး ကူညီမှုအသင်းမှ ဦးဆောင်ကာ ရပ်ကွက်နှင့် ကျေးရွာ နာရေး ကူညီမှုအသင်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ စေတနာရှင် အလှူရှင်များ စုပေါင်းကာ အပတ်စဉ် အဟာရ ဒါနများ ကျွေးမွေးလှူဒါန်းလျှက်ရှိရာ ပါဝင်လှူဒါန်းလိုသော စေတနာရှင် အလှူရှင်များအနေဖြင့် ဖုန်း- ၀၉ ၅၁၆၆၈၈၇ သို့ ဆက်သွယ်ပါဝင် လှူဒါန်းနိုင်ကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)