မင်းလှ (အောက်) ဇန်နဝါရီ ၄
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာကုန်ထုတ်လမ်းလုပ်ငန်းများ စတင်ဆောင်ရွက် နေခြင်းကို ယမန်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးခြင်းကို သာယာဝတီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းလွင်နှင့် မင်းလှမြို့နယ်ဦးစီးမှုး ဦးလှခေး၊ QC ကုမ္ပဏီမှ တာဝန်ရှိသူများတို့က Billion Max ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်သည့် လယ်ယာ ကုန်ထုတ်လမ်း လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။
မင်းလှမြို့နယ်အတွင်း ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် (၁၃၉.၂၃) သန်းဖြင့် အင်းမတန်း- ညောင်ဝန်းနှင့် ဂင်ဒိတ်ကုန်း ကုန်ထုတ်လမ်း(၂)လမ်း၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် (၇၀.၀၄)သန်းဖြင့် ဂွေးတောက်ကုန်းနှင့် သပြေစမ်း ကုန်ထုတ်လမ်း(၂)လမ်းတို့ကို ဒီဇင်ဘာ ၂၉ ရက်မှ စတင်အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ရာ မေလ ၃၁ ရက်နေ့တွင် ပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)