ဟံသာဝတီဦးဝင်းတင် အထိမ်းအမှတ် စာကြည့်တိုက်နှင့် ရုပ်တု အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

ကြို့ပင်ကောက် ဇန်နဝါရီ

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တွင် ဟံသာဝတီဦးဝင်းတင် အထိမ်းအမှတ် စာကြည့်တိုက်၊ ရုပ်တုနှင့် လူထုနေရာ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို အရှေ့လမ်းမတော်လမ်း ဟံသာဝတီဦးဝင်းတင် အထိမ်းအမှတ် လူထုနေရာတွင် ယမန်နေ့ မွန်းလွဲ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ကြို့ပင်ကောက်မြို့အတွက် ဂုဏ်ပြုထိုက်သော အထင်ကရပုဂ္ဂိုလ် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ကို နောင်လာ နောက်သား ရင်သွေးငယ်များ အားကျအတုယူနိုင်စေရန် ရည်ရွယ်ပြီး ဟံသာဝတီဦးဝင်းတင် အထိမ်းအမှတ် စာကြည့်တိုက် အကောင်အထည် ဖော်နိုင်ရေး အတွက် ညှိနှိုင်းအစည်းအဝေးကိုကျင်းပရခြင်းဖြစ်ကြောင်း ဟံသာဝတီ ဦးဝင်းတင် အထိမ်းအမှတ် အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး ဦးမင်းသူရအောင်က ပြောသွားသည်။

အဆိုပါ ဟံသာဝတီဦးဝင်းတင် အထိမ်းအမှတ်လူထုနေရာတွင် စာကြည့်တိုက်၊ အစည်းအဝေး ခန်းမ၊ ရုပ်တုရင်ပြင်နှင့် အားကစား လေ့ကျင့်ရန် နေရာတို့အား ထည့်သွင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလှူငွေများ ထည့်ဝင်လှူဒါန်း လိုပါက ဦးမင်းသူရအောင် ၀၉၅၃၇၄၆၆၄ နှင့် ဒေါက်တာတင်ဝင်းအောင် ၀၉၄၂၉၃၃၂၂၂၆ တို့ထံ ဆက်သွယ် လှူဒါန်း နိုင်ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)