နတ်မောက်မြို့ရှိ မြို့မကွက်သစ်ရပ်ကွက်တွင် တစ်နိုင်တစ်ပိုင်ကွမ်းသီးစိတ်လုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

နတ်မောက် ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ရှိ မြို့မကွက်သစ်ရပ်ကွက်တွင် တစ်နိုင်တစ်ပိုင် ကွမ်းသီးစိတ် လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိကြောင်း သိရသည်။

ကျွန်တော်ကတော့ ကွမ်းသီးစိတ်လုပ်ငန်း လုပ်ကိုင်သူပါ။ ကွမ်းသီးအလုံးအိတ်တွေကို ရန်ကုန်က မှာယူရပါတယ်။ ရန်ကုန်ကနေ နတ်မောက်အထိ ကားနဲ့အိမ်အရောက် ကွမ်းသီးအလုံးအိတ် အချိန် (၆၀) တစ်အိတ်ကို (၃၂၀၀၀၀)နှုန်းဖြင့် ဝယ်ယူရပါတယ်။ ကွမ်းသီး အလုံး တွေကို  အိမ်မှာ ရေစိမ်ပြီး နောက်ရက်ကြမှ ကွမ်းသီးစိတ်တဲ့ဓါးနဲ့ ကွမ်းသီးတွေကို အခြမ်းလှအောင် စိတ်ရပါတယ်။ စိတ်ပြီးသား ကွမ်းသီးစိတ်တွေကို မြို့မစည်ပင်သာယာရေးဈေးမှာရှိတဲ့ ကွမ်းသီးစိတ် အရောင်းဆိုင် တွေရယ် မြို့ထဲမှာရှိတဲ့ ကွမ်းယာဆိုင်တွေကို ဖောက်သည်ပေးတာဖြစ်တဲ့အတွက် ကွမ်းသီးစိတ် ()ပိဿာကို (၆၀၀၀)ကျပ်နှုန်းရောင်းချရပါတယ်။ ကွမ်းသီးအချိန် ( ၆၀ ) တစ်အိတ်ကို ကွမ်းသီးစိတ် (၆၅)ပိဿာထွက်သော်လည်းပဲ ()ရက်လောက်တော့ ရောင်းချရပါတယ်။ ကွမ်းသီးအချိန်(၆၀) တစ်အိတ် ကုန်ရင်တော့ အမြတ်ငွေ သုံးသောင်းမှ လေးသောင်းအထိ  ရရှိတာ ဖြစ်တဲ့ အတွက် ကျွန်တော်တို့မိသားစုအပိုဝင်ငွေရရှိလို့ အဆင်ပြေ ပါတယ်ဟုကွမ်းသီးစိတ်လုပ်ငန်း လုပ်ကိုင်သူ ကိုဝေဖြိုးအောင်က ပြောကြားခဲ့ကြောင်း သိရသည်။  

မူမူစန်း(နတ်မောက်)