အုတ်ဖိုမြို့တွင်(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပ

အုတ်ဖို ဇန်နဝါရီ     

၂၀၂၁ ခုနှစ် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် ဇန်နဝါရီလ ရက်နေ့ နံနက် နာရီ၂၀ အချိန်က ကျင်းပခဲ့ပြီး သဝဏ်လွှာ ဖတ်ကြားခြင်းကို နံနက် ၇နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးနှင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေး ပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှဦးဆောင်၍ နိုင်ငံတော်အလံအား အလေးပြုကာ နိုင်ငံတော် သမ္မတ ထံမှ ပေးပို့သော လွတ်လပ်ရေးနေ့သဝဏ်လွှာကို မြို့နယ် အုပ်ချုပ်ရေးမှူးမှ ဖတ်ကြားခဲ့ကြောင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်သူ(အုတ်ဖို)