ပခုက္ကူ ဇန်နဝါရီ ၄
၂၀၂၁ခုနှစ်၊ (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲကို ဇန်နဝါရီလ ၄ ရက် နံနက်ပိုင်းက ပခုက္ကူမြို့၊ လွတ်လပ်ရေး ပန်းခြံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပခုက္ကူမြို့နယ်ရဲတပ်ဖွဲ့မှ ဂုဏ်ပြုတပ်ဖွဲ့တို့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်အလံအား နံနက် ၄နာရီ မိနစ် ၂၀အချိန်က လွှင့်တင်ကြသည်။ ဆက်လက်၍ သဝဏ်လွှာဖတ်ကြားပွဲကို နံနက် ၇နာရီအချိန်တွင် ကျင်းပရာ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်အလံအား အလေးပြုကြပြီး ပခုက္ကူခရိုင်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အံ့မောင်က ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ၂၀၂၁ခုနှစ်၊ (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့သဝဏ်လွှာအား ဖတ်ကြားသည်။
အဆိုပါအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ပခုက္ကူခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အံ့မောင်နှင့်ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နှင့်မြို့နယ်အဆင့်ဌာနများ၊ ပခုက္ကူတက္ကသိုလ် ပါမောက္ခချုပ်နှင့်ဆရာ/မများတက်ရောက်ကြပြီး ပခုက္ကူမြို့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများ က ပါးစပ်နှင့်နှာခေါင်းစည်း၊မျက်နှာကာ၊လက်အိတ် စသည့် ကျန်းမာရေး သုံးပစ္စည်းများ ပေးဝေခြင်း၊ ပခုက္ကူခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ကြကြောင်းသိရသည်။
ဆလိုင်းကိုကီး