မော်လိုက်မြို့၌ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးများနှင့်အညီ ကျင်းပ

မော်လိုက်             ဇန်နဝါရီ          

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ဇန်နဝါရီလ ရက်နေ့တွင် ကျရောက်သည့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားနှင့် လွတ်လပ်ရေးနေ့ သဝဏ်လွှာ ဖတ်ကြားခြင်းကို ယနေ့နံနက် နာရီ  မိနစ်၂၀တွင် လွတ်လပ်ရေး ကျောက်တိုင် ကွင်းတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အလံတင်အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်၍ တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံ ခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲ များနှင့် ပြည်သူများက နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးအား အလေးပြုခဲ့ကြသည်။

ထို့နောက် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်းကို နံနက် နာရီ တွင်ဆက်လက် ကျင်းပခဲ့ရာ တက်ရောက် လာကြသူများက မြန်မာနိုင်ငံတော်အလံအား အလေးပြုခဲ့ကြပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှပေးပို့သော (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်က ဖတ်ကြားခဲ့သည်။

မော်လိုက်မြို့တွင် ကျင်းပသည့် (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနား နှင့် လွတ်လပ်ရေးနေ့ သဝဏ်လွှာ ဖတ်ကြားခြင်းကို ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီကျင်းပပြုလုပ်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ် များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ပြည်သူများ (၃၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး တက်ရောက်လာကြ သူများအား ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

မော်လိုက်သားလေး